မူရင်းလင့်( http://yeesarlay.multiply.com/tag/%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%95%E1%80%8A%E1%80%AC )
သတင်းများဖတ်ရှုခြင်း၊ လူမှုကွန်ရက်ဆိုက်များကြည့်ရှုခြင်းနှင့် ဓာတ်ပုံများကြည့်ခြင်းတို့ကို ကွန်ပျူတာနှင့် စမတ်ဖုန်းများအသုံးပြုစရာမလိုဘဲ မျက်စိရှေ့တွင်ပင် မြင်တွေ့နိုင်စေမည့် ကွန်ပျူတာစနစ် သုံးမျက်ကပ်မှန်တစ်မျိုးကို ပညာရှင်များက တီထွင်ဖန်တီးခဲ့ကြောင်းသိရသည်။ စမ်းသပ်ပုံစံငယ်အဖြစ် တီထွင်ဖန်တီးထားသည့် အဆိုပါမျက်ကပ်မှန်သည် သတင်းများကို လက်သုံး စရာမလိုဘဲ မြင်တွေ့ဖတ်ရှုနိုင်မည့်အပြင် လမ်းညွှန်နှင့် တီဗီအစီအစဉ်များကို ဖော်ပြရန်အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါမျက်ကပ်မှန်သည် အသုံးပြုနေကျ မျက်ကပ်မှန်များအတိုင်း တပ်ဆင်ခြင်း၊ ဖြုတ်ခြင်းများ ပြုလုပ်နိုင်ပြီး အလွယ်တကူအသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်းကို လူ့ဆံပင်ထက် အဆပေါင်း ၁၀၀၀ ပိုမို၍ သေးငယ်သော အစိတ်အပိုင်းများ ထုတ်လုပ်ရာ၌ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ မျက်ကပ်မှန် ပါမောက္ခ Babak Parviz က ဖန်တီးခဲ့ခြင်းဖြစ်ပြီး အဆိုပါမျက်ကပ်မှန်ကိုဖန်တီးရာ၌ LED အလင်း၊ ကြိုးမဲ့ချိတ်ဆက်မှုမှတစ်ဆင့် သတင်းအချက်အလက်နှင့် စွမ်းအင်ရယူနိုင်မည့် အင်တာနာတစ်ခုအပြင် လျှပ်စစ် ပတ်လမ်းများပါဝင်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် အမြင်အာရုံချို့တဲ့သူများအတွက် အလင်းပြန်လည်ရရှိစေမည့် bionic eye ကိုလည်း ဗြိတိန်နိုင်ငံသားများအတွက်စမ်းသပ်ခဲ့ပြီး အဆိုပါမျက်စိဖြင့် နာရီကြည့်ခြင်းနှင့် နေ့စဉ်အသုံးပြုနေသည့် အရာဝတ္ထုအချို့ကို အမျိုးအစားခွဲခြားနိုင်မည့်အမြင်မျိုး ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ Oxford နှင့် လန်ဒန်တို့တွင် အမျိုးသားနှင့် အမျိုးသမီး ၁၂ ဦးကျော်ကို အဆိုပါ bionic eye အစားထိုးခွဲစိတ်ကုသမှုစမ်းသပ်ပြုလုပ်ခဲ့ပြီး ယင်းခွဲစိတ်မှုမျိုးကို ဥရောပနိုင်ငံများတွင်ပါ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါက ဘေးကင်းပြီးထိရောက်သော device တစ်မျိုးအဖြစ် ၂၀၁၃ ခုနှစ်တွင် ဈေးကွက်တင်သွင်းနိုင်မည်ဟု သိရသည်။
0 comments