Posted by Myo Ko on February 10, 2012 at 5:30pm



ကျွန်တော်တို့တွေ ရည်ရွယ်ချက်ပေါင်းများစွာနဲ့ Internet ကိုသုံးကြတဲ့ အခါဘာပဲ ဖြစ်ဖြစ်

ဘယ်သူ့ကိုမှ ကိုလုပ်တာတော့ခြေရာ မခံစေချင်ဘူးလေ။ ကျွန်တော်တို့တွေဟာ လျှို့ဝှက်တဲ့

လုပ်ငန်းတစ်ခု ဒါမဟုတ် နေရာ တစ်ခု မှာ လုပ်ခဲ့ကြမယ်ဆိုရင်ပေါ့။

ဒါကြောင့် ကျွန်တော် တို့တွေ History ကို Delete ပြီး ဒီ ပြသာနာ ကိုဖြေရှင်းနိုင်တယ်လို့ ကျွန်တော်

စဉ်းစားမိပါတယ်။ဒါပေမယ့် ကျွန်တော်တို့တွေ Browser တွေများတစ်ခုထက်မကသုံးနေတယ်ဆိုရင်တော့

တစ်ခုချင်းစီလိုက်ပီးဖျက်ပေးနေရမှာပါ။ဒါကတော့ လုပ်ငန်းတစ်ခု ကိုနှောင့်နှေးစေပါတယ်။

ဒီ Problem ကိုဖြေရှင်းဖို့ အတွက် Browser Cleaner လေးပေးမလို့ပါ။

သူက Browser တွေ အားလုံးက History ကို တစ်ခါတည်းကိုဖျက်ပေးနိုင်ပါတယ်။

Browser Cleaner ဟာ Free ၀ဲလေးဖြစ်သလို Portable လေးပါ။ သုံးရတာလည်းပေါ့ပါးအဆင်ပြေပါတယ်။

Click ကလေးနှိပ်လိုက်ရုံနဲ့ Process တစ်ခုကို ပြီးမြောက်စေပါတယ်။User Interface ကတော့ အောက်က ပုံလေးလိုပါ။

သူက Internet Explorer, Firefox, Opera, Google Chrome, Safari, Avant Browser,

Adobe Flash Player and Java Runtime Environment တို့ရဲ့ History တွေကို ဖျက်ပေးနိုင်ပါတယ်။

Browser တိုင်းဟာ History ကိုဘယ်လိုဖျက်ချင်လဲ ဆိုတဲ့ အပေါ်မှာ မူတည်ပီး Option တွေပိုင်ဆိုင်ကြပါတယ်။

ကိုယ်ဖျက်ချင်တာလေးတွေကိုပဲ ရွေးခွင့် ရှိပါတယ်။ ကျွန်တော်တို့တွေ သေချာဖို့လိုတာက History

ကိုမရှင်းလင်းခင်မှာOption တွေကို စစ်ရမှာပါ။ သူက Default အားဖြင့်တော့ Option အားလုံးကို Check Mark

လုပ်ပီးသားပါ။ ဒါကြောင့် ကျွန်တော်တို့တွေဂရုပြုရမှာပါ ။ဒီလိုမှ မဟုတ်ရင် အရေးကြီး တဲ့ Information တွေ

ပျောက်ဆုံးနိုင်ပါတယ်နော်။ပြီးတော့ Browser အားလုံးအတွက် ပေါင်းထားပေးတဲ့ Setting Tab လည်းရှိပါတယ်။

Process တစ်ခု ပြီးမြောက်တဲ့ အခါ Notify လုပ်မှာပါ။ကို အဆင်ပြေသလို Setting မှာပြောင်းလို့ ရပါတယ်။

ကဲ ဒီလိုဆိုတော့ တကယ်ကို ဒီလို Tool လေးတစ်ခုထဲနဲ့ Browser တွေ အားလုံးက History တွေကို

လွယ်ကူစွာ ရှင်းလင်းနိုင်ပါပီဗျာ။တစ်ခြားသူတွေ နဲ့ မ Share ချင်တဲ့ လုပ်ငန်းတစ်ခုကို လုပ်နေကျသော

ဘယ်User တွေအတွက်မဆိုတကယ်ကိုအသုံးဝင်မှာပါ။

အားလုံးအတွက်လည်း အကျိုးရှိစေမှာပါ။


http://myokokyaw.blogspot.com/2012/02/browser-history.html
(ဒီလင့်လေးမှာ ဒေါင်းနိုင်ပါတယ်နော်) သူဇာက တစ်ဆင်ပြန်လည်ဝေမျှခြင်းဆိုတော့ ခုလိုလေးပဲ အဆင်ပြေလို့ပါ။


Window Versionအားလုံးအတွက် အသုံးဝင်မှာပါ။
အားလုံးအဆင်ပြေကြပါစေ..

မျိုးကိုကို

Posted by စိမ့်စမ်းရေ on Saturday, February 11, 2012

0 comments

Post a Comment