ချစ်နေအုံးမည်





ချစ်သူရေ.......
ငါတို့ရဲ့မလောက်ငှတဲ့ချစ်ခြင်းတွေနဲ့
အတူရှိခဲ့ဖူးတဲ့နေ့ရက်တွေကို
လက်ချိုးရေတွက်ခဲ့ရင်တောင်

ငါတို့ရဲ့...ဝေးကွာချိန်တွေလောက်ရှိခဲ့ပါ့မလားချစ်သူ......။
နေ၀င်ချိန်လမ်းခွဲလေးမှာပြောခဲ့တဲ့
ငါတို့ရဲ့နှုတ်ဆက်စကားတွေနဲ့အတူ
ရီဝေတဲ့မျက်ဝန်းတစုံရဲ့
ကြေကွဲမှုဒဏ္ဍာရီတွေက
ငါတို့အတွက်
အိပ်မက် မက်စရာပုံပြင်တစ်ပုဒ်တဲ့လား၊
ချစ်တဲ့သူရေ......
မင်းချန်ရစ်ခဲ့တဲ့နေရာဟောင်းလေးမှာ
ငါ...မြတ်နိုးခဲ့ဖူးတဲ့
ဟိုအရင်က..မင်းရဲ့ပုံရိပ်တွေ
ဒဏ္ဍာရီထဲမှာကျန်ရစ်ခဲ့ရင်တောင်
ငါလေ...မင်းကို
ဆက်ချစ်နေအုံးမှာပါ
ကောင်မလေးရယ်............။



အောင်ကိုမင်း ဆိုတဲ့မောင်လေးတစ်ယောက် ရေးထားတာပါ။
သူရဲ့ ကဗျာလေးတွေကိုလည်း
ခံစား အားပေးကြပါဦးနော်.

Posted by စိမ့်စမ်းရေ on Saturday, February 25, 2012
categories: | edit post

0 comments

Post a Comment