ဗြိတိန်နိုင်ငံ နော်တင်ဟမ်တက္ကသိုလ်မှ ပညာရှင်များသည် ယင်ကောင်များကို လေထဲ၌ လမ်းလျှောက်နိုင်အောင် ဖန်တီးပြနိုင်ခဲ့ကြောင်း သိရသည်။ ပညာရှင်များသည် Diamagnetic Levitation ဟု ခေါ်သော နည်းစနစ်တစ်ရပ်ကို အသုံးပြုခဲ့ရာ ယင်း၌ အလွန်အင်အား ပြင်းထန်သော သံလိုက်စက်ကွင်းပြင်းအားကို အသုံးပြုထားပြီး အင်းဆက်များကို ခန္ဓာကိုယ်အလေးချိန် မဲ့သွားစေကာ လေထဲ၌ ပျံသန်းမှုမရှိဘဲ လမ်းလျှောက်နိုင်စေခဲ့သည်။ ယင်ကောင်များသည် မြေဆွဲအားမဲ့သွားသော အနေအထား၌ မြေပြင်ပေါ်မှာထက်ပင် ပို၍လျင်မြန်စွာနှင့် ပို၍ကြိမ်ရေများစွာ လမ်းလျှောက်နိုင်ကြောင်း တွေ့ရသည်ဟုဆိုသည်။
lucky Yesterday, 10:40PM
0 comments