သေပြီးသည့်နောက်မှာပင် ကိုယ့်ဖေ့စ်ဘွတ်ခ်မိတ်ဆွေများကို တမလွန်ကနေ နောက်ဆုံးစကား လှမ်းပြောနိုင်မည့် စနစ်တစ်ခု ဖေ့ဘုတ်ခ် တီထွင်



ကိုယ့်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကိုယ်တင်ချင်ရာများကို အသက်ရှင်နေစဉ်သာမက ကိုယ်ကွယ်လွန်သွားပြီးချိန်မှာပင် တမလွန်က လှမ်းတင်လိုက်သည့်အလား၊ ဖန်တီးပေးနိုင်မည့် စနစ်
တစ်ခုကို ဖေ့စ်ဘွတ်ခ်က တီထွင်လိုက်ကြောင်း သိရသည်။ ထိုစနစ်အရ အသက်ရှင်နေစဉ် တစ်လျှောက် မည်သူ့ကိုမျှ အသိမပေးခဲ့သော လျှို့ဝှက်ချက်များကို ကိုယ့်ဖေ့စ်ဘွတ်ခ် စာမျက်နှာ
တွင် တမလွန်ရောက်ခါမှ လှမ်းတင်အသိပေးလိုက်သကဲ့သို့ ဖြစ်အောင်လည်း ဖန်တီးပေးနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို If I Die ဟု အမည်ပေးထားပြီး ကွယ်လွန်ပြီးချိန်တွင် မည်သည့်အကြောင်းအရာကို အသိပေးချင်သနည်းဟူသော မေးခွန်းဖြင့်
ထိုအပလီကေးရှင်းက ကိုယ့်ကို ကြိုဆိုမည်ဖြစ်သည်။ ကိုယ်ကွယ်လွန်ပြီးနောက် ကျန်ခဲ့သူများကို ပြောချင်သည်များ၊ အသိပေးချင်သည်များကို စာသားများဖြင့်သော်လည်းကောင်း
အသံဖိုင်များဖြင့်သော်လည်းကောင်း၊ ဗီဒီယို ရုပ်သံများဖြင့်သော်လည်းကောင်း၊ ကြိုတင်၇ိုက်ကူးပြီး ထိုစနစ်တွင် ထည့်သွင်းထားနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို အသုံးပြုလိုသူများအနေဖြင့် ထိုသို့ ဖန်တီးပြီးပါက ယုံကြည်စိတ်ချရဆုံး၊ မိတ်ဆွေ သုံးဦးကို ရွေးပေးရသည်။ ထိုသို့ ရွေးချယ်သတ်မှတ်ပေးထားခဲ့မှသာ ထိုလူ
သေဆုံးကြောင်းကို ထိုသုံးဦးထံ ဖေ့စ်ဘွတ်ခ် စနစ်က လှမ်းမေးမြန်းပြီး မှန်ကန်ကြောင်း ထိုလူသုံးဦးက ထောက်ခံမှသာ If I Die စနစသည် ကွယ်လွန်သူ ချန်ထားခဲ့သည့် စာသားသော်လည်းကောင်း
ဓါတ်ပုံသော်လည်းကောင်း၊ ဗီဒီယိုသော်လည်းကောင်းကို ထိုလူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ၄င်းကိုယ်တိုင် တမလွန်က လှမ်းတင်လိုက်သကဲ့သို့ဖြစ်အောင် ဖော်ထုတ်ပေးမည်ဖြစ်ကြောင်း
သိရသည်။


http://www.onekokoaung.co.cc/2012/01/fb.html

Posted by စိမ့်စမ်းရေ on Monday, January 23, 2012

0 comments

Post a Comment