(မိုးသောက်ကြယ် က ဒီဇင်ဘာလ 25, 2011 နေ့ 6:25pm မှာတင်ခဲ့ပါတယ်) နည်းပညာကဏ္ဍ
ကိုယ့်စက်က ဖိုင်တွေကို
USB Drives နဲ့ကူးယူလို့မရအောင် လုပ်ကြမယ်/တခါတလေကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးသွားမှာမလိုလားဘူး။
အထူးသဖြင့် လူဝင်လူထွက်များတဲ့ရုံးတွေမှာဆိုပိုဆိုးတယ်။ ဒါဆိုရင် အဲလိုUSB Drives နဲ့ ကော်ပီကူးလို့မရအောင် Registry ထဲမှာသွားပြင်ကြရအောင်။
1) Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2) ဒီလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့်သွားလိုက်ပါ “HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control”
3) key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ။
4) StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကို
ဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect
ဆိုပြီး အမည်ပေးလိုက်ပါ။ 5) အဲဒီ WriteProtect ရဲ့တန်ဖိုးကို ပုံမှာ ပြထားတဲ့အတိုင်း " 1 " လို့ပြောင်းပေးလိုက်ပါ။
ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ settingအလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။
စက်ပြန်တက်လာတဲ့အခါ သင့်စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drivesတွေနဲ့ကူးလို့ရမှာ မဟုတ်တော့ပါဘူး။ ကူးလိုက်ရင်အောက်ပါအတိုင်း एर्रोर message တက်ပါလိမ့်မယ်။ ဒီနည်းကို Window XP SP 2 မှ Vista
အထိသုံးလို့ရပါတယ်။
ဒါပေမဲ့ ဖိုင်ကူးမဲ့လူက administrator स्तातुस ရထားရင်တော့ ဒီ setting ကိုအလွယ်တကူပြန်ပြင်လို့ရပါတယ်။
မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows
မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍
backup လုပ်ထားရန်လိုအပ်ပါသည်။
အားလုံးပဲ အဆင်ပြေကြပါစေ....
0 comments