Add to Blog
C-Box အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျှင် ရှေ့က နာရီ၊
ပြက္ခဒိန်တို့ ထည့်သလိုပင် Blog Page Element တစ်ခုအဖြစ် Paste
လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။
HTML Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။
Configure Window ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။
ဥပမာ-မှာချင်တာလေးတွေရှိရင်မှာခဲ့ပါ။
Content ထဲတွင် Cursor ချပြီး (Ctrl+V) တွဲနှိပ်ပါ (သို့) Content
နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ကူးလာတဲ့ HTML Code
များ ဒီနေရာတွင် ပေါ်လာမည်။
Save Changes တွင် Click နှိပ်ပြီး Save လုပ်လိုက်ပါ။ View Blog တွင်
Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် C-Box ကို မြင်ကြရပါမယ်။ ဒါဆိုရင်
Blog တွင်းသို့ (C-Box) လို့ခေါ်တဲ့ စကားပြောခန်း (Chat Room) လေးတစ်ခု
ထည့်သွင်းပြီးသွားပါပြီ။
Manage Page Element
မိမိရဲ့ Blog မှာ ထည့်သွင်းထားသည့် Page Element တွေထဲက
ဘယ်ဟာတွေကိုတော့ အပေါ်ကထားမယ်။ ဘယ် Element တွေကိုတော့ အောက်မှာထားမယ်
အစရှိသဖြင့် လိုသလို နေရာချ လို့ရပါတယ်။
“ဥပမာ-ကဗျာရေးလေ့ရှိပါသလား” လို့ အမည်ပေးထားသည့် “Poll Element” ကို
အပေါ်ဆုံးမှာ ထားလိုတယ်ဆိုပါစို့။ Mouse Pointer ကို ထို Poll Element
ပေါ်ရွှေ့လိုက်ပါ။ Cursor သည် Drag ဆိုတဲ့ ဖိဆွဲလို့ရတဲ့
မြှားပုံလေးထောင့်လေး ပြောင်းသွားပါမည်။
အဲဒီအချိန်မှာ Mouse ဖြင့် Drag ဆွဲပြီး လိုသည့်နေရာရောက်လျှင်
လွှတ်လိုက်ပါ။ ဒါဆိုရင် ၄င်း Element သည် အပေါ်သို့ ရောက်သွားပါမည်။
စိတ်တိုင်းကျ ရွှေ့ပြီးးလျှင် Save တွင် Click နှိပ်ရန်မမေ့ပါနှင့်။
Edit (or) Delete Page Element
မိမိထည့်သွင်းထားခဲ့သည့် Page Element တွေထဲက အချို့ကို ပြန်လည်ပြင်ဆင်ခြင်းသို့တည်းမဟုတ်
မလိုအပ်တော့၍ ဖျက်ထုတ်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ကြပါတယ်။
ပြန်လည် ပြင်ဆင်တည်းဖြတ်လိုသော Page Element ၏ Edit ပေါ်တွင် Click
တစ်ချက်နှိပ်လိုက်ပါ။ Configure Window ပြန်ပွင့်လာပါလိမ့်မယ်။
ပြင်ဆင်လိုသည့် စာသားမျာကို ပြင်ဆင်နိုင်ပါပြီ။ အကယ်၍
များလုံးဝဖျက်ထုတ်လိုပါက Remove Page Element တွင် နှိပ်ပြီး
ဖျက်ထုတ်နိုင်ကြပါတယ်။
Edit Header
Header ဆိုတာဟာ Blog title နှင့် Description အဖြစ်ထည့်သွင်းထားသော
စာသားများရှိရာ နေရာ ဖြစ်သည်။ Header ရှိ Edit တွင် Click နှိပ်လိုက်ပါ။
Configuration Window ပွင့်လာပါမည်။
၎င်း Window ထဲတွင် Blog title နှင့် Description တို့ကို တွေ့ရပါမယ်။
ပြင်လိုက ပြင်နိုင်ပါတယ်။ ဒီနေရာမှာ Header ကို ထူးခြားအောင် လုပ်လို့ရတာက
နောက်ခံနေရာမှာ မိမိနှစ်သက်ရာ ပုံကို ပြောင်း ထည့်ထားနိုင်ခြင်းဖြစ်ပါတယ်။
Browse တွင် Click နှိပ်ပြီး Header နောက်ခံထားလိုသည့် ပုံဖိုင်လ်ကို
ရွေးပေးပါ။ စိတ်တိုင်းကျပြီဆိုရင် Save Changes တွင် Click နှိပ်ပြီး
သိမ်းဆည်းလိုက်ပါ။
ဒါဆိုရင် Blog ကို ပြန်ကြည့်ပါက Header နေရာမှာ ရှေ့ကလို နောက်ခံပလိတ်
မဟုတ်တော့ပဲ မိမိရွေးချယ်ထည့်သွင်းခဲ့တဲ့ ပုံနောက်ခံ ဖြစ်သွားပါလိမ့်မယ်။
Blogger ဖြင့် Blog ရေးရန်ဘာတွေလိုမလဲ
ပုံမှန်အားဖြင့် Blog ရေးချင်တဲ့ Website မှာ Register အရင်လုပ်ရတယ်။ ပြီးမှစရေးလို့ရတယ်။ ဆိုရရင် Multiply မှာရေးချင်ရင် www.multiply.com
ကို သွား၊ ထုံးစံအတိုင်း Email လိပ်စာပေးပြီး Registe လုပ်၊ ပြီးရင်
စရေးလို့ရပြီ Blogger မှာလည်း ယေဘုယျအားဖြင့် ထိုနည်းအတိုင်းပါပဲ။
သို့သော် မိမိမှာ Gmail Account တစ်ခုရှိရမယ်ဆိုရင်တော့ Blogger မှာ
Register လုပ်စရာမလိုပဲ တန်းရေးလို့ရတယ်။ သဘောက Blogger သည် Google ကပေးတဲ့
Service Gmail သည်လည်း Google ကပေးတဲ့ Service ဖြစ်သည့်အတွက် Gmail
Account ရှိသူတယောက်ဖြစ်ဖို့လိုပါသည်။
ဝါသနာပါသူများ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်စေလိုသောကြောင့်လည်းကောင်း၊
မူရင်းရေးသားသူ၏ ရေးသာချက်လေး ပြန့်ပွား လူ အသိများစေလိုသောကြောင့်
လည်းကောင်း ထပ်ဆင့်မျှဝေလိုက်ပါသည်။

Posted by စိမ့်စမ်းရေ on Monday, November 28, 2011

0 comments

Post a Comment