အလုပ်တစ်ဖက်နဲ့ တခြားဝင်ငွေလေးရအောင် ရပ်ကွက်ရုံးလေးမှာ စာရေးမလေးအဖြစ် ညနေပိုင်းလေး အလုပ်လုပ်နေတာ ခုဆို ကျွန်မလုပ်သက် 2 နှစ်ကျော်လောက်ရှိနေပါပြီ။…..

ရပ်ကွက်ရုံးလေးဆိုတော့လဲ ရုံးအင်္ဂါရပ်နဲ့ ညီအောင်တော့ ရှိရပါတယ်…
ဥက္ကဌအခန်း၊ မီးသတ်၊ ကြံ့ခိုင်ရေး .. စသည်ဖြင့်ပေါ့….

ကျွန်မအတွက် သီးသန့် စားပွဲလေးတစ်ခုပေးထားပြီး ဧည့်စာရင်းလာတိုင်သူတွေ၊ အလုပ်အတွက် ထောက်ခံစာ လာယူတဲ့သူတွေကို ရေးပေးရတာပါ။…..အလုပ်က အရမ်းတော့မများပေမယ့် နေ့တိုင်းတော့ရှိနေရပါတယ်…
ရပ်ကွက်ရုံးဆိုတော့ ခပ်ခြောက်ခြောက်ကလေးပါ.

တခါတလေကျတော့ ကျွန်မတို့ရပ်ကွက်ရုံးလေးက စိုစိုပြည်ပြည်ရှိပါတယ်… လင်မယားရန်ဖြစ်တာ.. မိသားစုချင်း၊ မောင်နှမချင်း. ကလေးချင်း…. အို…စုံနေတော့တာပဲ…
အကြွေးမပေးတာကအစပေါ့…………အဲဒိအခါကျတော့ ရပ်ကွက်ရုံးကနေ တရားရုံးဖြစ်ရပြန်ပါတယ်..

ဥက္ကဌက သူဇာ့ဘကြီးဆိုတော့…. သူဇာက ဒီအလုပ်လေးကို လုပ်ခွင့်ရတာပေါ့.. ရန်များဖြစ်လာလို့ကတော့ ၀ိုင်းဆွဲရတဲ့ အလုပ်လဲ လုပ်ပေးရပါသေးတယ်.. ခုတော့ တော်တော်နားလည်နေပါပြီ။ ဘယ်တော့မှ မဆွဲတော့ဘူး….

ခုလဲ ကြည့် ..ငယ်ငယ်ရွယ်ရွယ်နဲ့ လင်မယားနှစ်ယောက် ရန်ဖြစ်လာကြပြီး ကွာရှင်းပေးဖို့ အတင်းပြောနေကြပါတယ်…. ကောင်မလေးဘက်ကပြောတာပါ..

ကောင်မလေးက သူဇာ့ထက်တော့ ငယ်လောက်ပါတယ်….
ငိုထားတာလဲ … မျက်နှာက မုန့်စိမ်းပေါင်းလောက်ဖြစ်နေပြီ….ကောင်လေးက ပါးတွေလဲရိုက်တယ်လို့ ဆိုပါတယ်…..

ကောင်မလေးကို ပဲခူးဘက်ကခိုးပြေးလာပြီး အဒေါ်အိမ်မှာ လာထားထားတာပါ.. ပို့ထားပြီးကတည်းက တစ်ခါပဲလာတွေ့ပြီး ပြန်မလာတာ 1 လကျော်နေပီတဲ့….

ခုရောက်လာတော့ စကားများရန်ဖြစ်ကြတာ…….. ကောင်မလေးက အိမ်ကိုပြန်ဖို့ပြောတာကို လက်မခံတာက စပြီး ခုလို ရိုက်တဲ့ ပုတ်တဲ့အထိဖြစ်ရတာလို့ ဆိုပါတယ်….မခံနိုင်လို့ ရပ်ကွက်ရုံးကိုရောက်လာရတာပါတဲ့……..

ဘယ်လိုမှဖြန်ဖြေမရလို့ ဥက္ကဌကလဲ

“ကဲ……… ဒါဆိုကောင်းပြီ………….ငါ့ကိုလက်ထပ်စာချုပ်ပြ ” ဆိုတော့………….
ကောင်မလေးက ……….ဟီး…………ခနဲ့ ငိုချလိုက်ပါတော့တယ်……..
လက်ထပ်စာချုပ် မရှိဘဲ အတူနေနေတာတဲ့………..

နောက်ရက်ကစပြီးတော့ ရုံးအ၀င်လေးမှာ စာတန်းလေးတစ်ခု ချိတ်ထားတာ တွေ့ရပါတယ်…………..

ကွာရှင်းဖို့ လက်ထပ်စာချုပ်ရှိရပါမယ်တဲ့…………..

ဒါက ဥက္ကဌ ကြီးရဲ့ လက်ချက်ဆိုတာ မပြောလဲသိလောက်ရောပေါ့နော်………….

Posted by စိမ့်စမ်းရေ on Friday, September 2, 2011

1 Responses to ကွာရှင်းဖို့ လက်ထပ်စာချုပ်ရှိရပါ့မယ်.

  1. hongpintai Says:
  2. ဟီးးးးးးးးးးး.
    ဟုတ်ပါ့..တစ်ကယ်လိုနေတာ...လက်ထပ်စာချုပ်...
    ခုခေတ်ကအတူနေ ချစ်သူတွေများတော့..အရမ်းလွယ်လွန်းနေတာပေါ့...

     

Post a Comment