Word pad သည် စာစီစာရိုက် Program ငယ်တစ်ခုဖြစ်သည်။ မှတ်စုများ စာတမ်းများ စေသော စာဖိုင် (Documents) များ ရေးသားရာတွင် သုံးသည်။ Microsoft Office Word လောက် မကြီးကျယ်သော်လည်း… Note pad နဲ့တော့ မတူချေ။ ဓါတ်ပုံများ၊ ရုပ်ပုံများကိုလည်းထည့်နိုင်သည်။ Paragraph များပြင်ဆင်ခြင်းနှင့် အခြားသော လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်သည်။

Word pad ကို စတင်ရန်..
Start >> Program>> Accessories >> Word Pad ကို Click လုပ်ပါ။

 
Word Pad Window ပေါ်လာမည်။

Word Pad တွင် Home နှင့်  View ဆိုပြီး အခန်းနှစ်ခန်းပါဝင်သည်။ Home သည် Word Pad တစ်ခုလုံးတွက် များစွာသော လုပ်ဆောင်ချက်များကို ပြုလုပ်ပေးမည်ဖြစ်သည်။ 

Word Pad Ribbon ၏ ဘယ်ဘက်ဒေါင့် အပေါ်ရှိ
Word Pad Menu Button တွင်
File များကို အသစ်တောင်းခြင်း၊
ဖွင့်ခြင်း၊ သိမ်းခြင်း နှင့် Print ထုတ်ခြင်းအပါအ၀င် အခြားသော လုပ်ဆောင်ချက်များကိုလည်း. လုပ်ဆောင်နိုင်သည်။
Word Pad Ribbon ရှိ Font အခန်းသည်  စာများကို တည်းဖြတ်ပေးသော အခန်းဖြစ်သည်။ မိမိလိုချင်သောပုံစံရအောင် လုပ်ဆောင်နိုင်သည်။
စာလုံးဆိုဒ် များပြင်ဆင်ခြင်း၊ ဒီဇိုင်းများပြောင်းလဲခြင်း၊ အရောင်များတင်ခြင်း.. စသည် စသည်ဖြင့် မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်ပါသည်။ 

 
Word Pad Ribbon ရှိ Paragraph Tab သည် စာပိုဒ်များပြင်ဆင်ရန်အတွက် ဖြစ်သည်။ 
 
 
Insert  Tab  သည် တခြား ပုံများ စာများကို အစားသွင်းသောအခန်းဖြစ်သည်။ 
 
Selection  ပြုလုပ်ခြင်း

စာကြောင်းများ၊ စာလုံးများကို ပြင်လိုလျှင် ဦးစွာ စာကြောင်းများ၊ စာလုံးများကို Select ပြုလုပ်ပေးရသည်။

1.    Margin ရှေ့တွင် Arrow ကို ထား၍ ကလစ်တစ်ချက်ဖိခြင်းဖြင့် စာတစ်ကြောင်းကို မှတ်နိုင်သည်။
2.    လိုသလောက် အတိုင်းအတာကိုလည်း Drag လုပ်၍ မှတ်နိုင်သည်။
3.    စာတစ်မျက်နှာလုံး ရွေးချယ်လိုပါက  Ctrl + A ကို နှိပ်ခြင်းဖြင့်လဲ Select လုပ်နိုင်ပါသည်။


ဒီလောက်ဆိုရင်တော့ word pad အကြောင်းလေးကိုနားလည်ကြလောက်ပီလို့ ထင်ပါတယ်နော်...

Posted by စိမ့်စမ်းရေ on Friday, August 26, 2011

1 Responses to word pad ( window 7) အကြောင်း

  1. ဟုတ်ကဲ့ 
    အားပေးသွားပါတယ်နော်............

     

Post a Comment