Facebook ဆိုတာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအများစုအသုံးပြုနေကြတဲ့ Social Network တစ်ခုဆိုတာ လူတိုင်းသိပါတယ်။ တစ်ခုရှိလာတာက လူတွေအများကြီးအသုံးပြုလာတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းသိမ်းနိုင်ဖို့လိုအပ်လာပါတယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက် Facebook ရဲ့ Privacy Setting ကိုအသုံးပြုနိုင်ဖို့လိုအပ်ပါတယ်။ Privacy Setting ဆိုတာကတော့ Home Page ရဲ့ညာဘက်ထောင့်ဆုံး က Account အောက်မှာရှိပါတယ်။ Privacy Setting ကိုမိမိစိတ်ကြိုက်ပြင်ဆင်တဲ့ အခါမှာ ၎င်းရဲ့အောက်မှာရှိတဲ့ Customize setting မှာ ၀င်ရောက်ပြင်ဆင်ရမှာဖြစ်ပါတယ်။
Customize settings ရဲ့အောက်မှာတော့ (1) Things I Share,(2) Things other share နဲ့ (3)Contact- Information ဆိုပြီးသုံးမျိုးရှိပါတယ်။ အဲ့ဒီသုံးမျိုးအနက်က အရေးကြီးတဲ့ အချက်အလက်လေးတွေ ကိုပဲ ပြောသွားပေးပါမယ်။
Things I Share ထဲမှာ မိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို လူတိုင်းမမြင်တွေ့စေချင်ရင် Friends Only ကိုသာရွေးထားပေးရမှာဖြစ်ပါတယ်။
Things other Share မှာတော့
- သူတစ်ပါး မိမိကို Video & Photo တွေမှာ Tag လုပ်လို့မရအောင်ပြုလုပ်လိုတဲ့အခါ “Photos and Videos I’m tagged in’’ မှာပိတ်ထားနိုင်ပါတယ်။
- မိမိရဲ့ ရေးသားထားတဲ့ စာသားတွေကို ထိန်းချုပ်လိုရင်တော့ “Can Comment on Posts ’’ မှာပြုလုပ်နိုင်ပါ တယ်။
- မိမိရဲ့စာမျက်နှာမှာ ဘယ်သူမှစာလာရေးလို့မရအောင်ပြုလုပ်လိုရင်တော့ “Friends can post on my Wall ’’ ရှိ “Enable’’ ဘေးကအမှန်ခြစ်ကိုဖြုတ်ခြင်းဖြင့် ပိတ်ထားနိုင်ပါတယ်။
မိမိရဲ့ပတ်သက်တဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေနဲ့အီးမေးလ်လိပ်စာတွေအထိ ဘယ်သူမှ မမြင်နိုင်အောင် ပြုလုပ်လိုရင်တော့ “Contact information’’ မှာပိတ်ထားနိုင်ပါတယ်။
ကိုကြီးအလင်္ကာည ပို့ပေးထားတာပါ
ပုံလေးကတော့နဲနဲဝါးနေတယ်ထင်တယ်॥
မှန်းပီးသာလုပ်ကြပါတော့နော်....
0 comments