အသုဘပို့ခြင်း

ယပ်တောင် ဖျပ်ဖျပ်
တခတ်ခတ်နဲ့
ပါးစပ်လှုပ်လှုပ် အတင်းတုပ်
ထိုအုပ်ထဲမှာ
အသင်ပါသလား။

တဟားဟားနဲ့
အားရရယ်မော တသောသော
တောပြောတောင်ဆို တဟိုဟို
ထိုလူစုမှာ
အသင်ပါသလား။

လူအထင်ကြီး ဂုဏ်ယူပြီး
ဖြီးဖြန်းဗေဒ အနိစ္စဟု
စိတ်ကမပါ ဟောင်ဖွာဖွာနဲ့
နှုတ်အာကျယ်လောင်
စကားဖောင်ဖွဲ့
လူပြောင်ထဲမှာ
အသင်ပါသလား။

ဇာတိဇရာ
ဗျာဓိမရဏ
သဗ္ဗေသတ္တာ သင်္ခါရာဟု
ပညာဉာဏ်ယှဉ် သမ္ပဇဉ်ဖြင့်
(သူလျှင်ရှေ့က သွားနှင့်ရလည်း
နောက်ကတို့တွေ လိုက်ရပေအံ့
မသေမဦး ငါဉာဏ်ဦးမှ)
စိတ်ကူးဖြောင့်မတ်
ဖြစ်ပျက်မှတ်ကာ
ပို့တတ်ပါစ အသုဘ


ဖေ့ဘုတ်ကနေပြည်လည်ကူးယူပါသည်။

Posted by စိမ့်စမ်းရေ on Thursday, October 13, 2011

0 comments

Post a Comment