ဆန်းစခါနွေ



ရာသီစက်ဝန်း တစ်ကျော့ပြန်ပြီ။

နွေ၊ မိုး၊ ဆောင်း လည်း ခါခါပြောင်းပြီ၊

ခုလည်းတစ်ကျော့ ရောက်ခဲ့ပါပြီ။

ခါနွေဦးသို့တည်....။



ဒေ၀ီဆောင်းသခင် မာန်လျော့လေထင့်

နွေမင်းသားနှင့် မပြိုင်လို

အားလျော့ကာ ခိုဝင်ပုန်းကာဖြင့်

ဆန်းစခါနွေ လတပေါင်းကို

တိုးတိတ်ကာ ချီးကျူး.....။



တိမ်ညိုမေလာ၊ တိမ်စူကာနှင့်

တိမ်ရောင်ပေါင်းစု ယဉ်အထုမှာ

တပေါင်းသာခေါင် လများနောင်သို့....။



Posted by စိမ့်စမ်းရေ on Tuesday, September 20, 2011
categories: | edit post

1 Responses to ဆန်းစခါနွေ

  1. Unknown Says:
  2. ကဗျာလေးက မြန်မာဆန်တယ်နော်။ဒီကဗျာလေးကိုဖတ်ပြီး
    မြန်မာ့အလှနဲ့ရာသီဥတုကို ပြန်လည်တမ်းတမိတယ်။

     

Post a Comment