အိုဘယ့်သားငယ်

သင့်အားပိုက်ထွေး

ကြိုဆိုပေးသည့်

ချစ်စွာလောက

ဤဌာန၀ယ်…….

ပွေလီရှုပ်ထွေး

ကူဖော်ကင်းလည်း

ငါ၏ခန္ဓာ ငါ့ဝန်တာဟု

သင်ကား..သတ်မှတ်နေရမည်……..

အိုဘယ့်သားငယ်

အားမငယ်လင့်.

ကံဆိုးခဲ့ဘိ “ဖ” မရှိဟု

သီခါငိုကြွေး အားငယ်နေလည်း

ဆုံးရှုံးခြင်းငှာ မတတ်သာဟု

သင်ကား သတ်မှတ်နေရမည်…………

ရှုသွင်းအသက် ငါ့လက်နက်ဟု

မှတ်ပါသတိ မြဲစွာငြိလျက်

ရှေ့သို့သာပင် ခရီးဆက်လော့…………………

Posted by စိမ့်စမ်းရေ on Monday, September 12, 2011
categories: | edit post

0 comments

Post a Comment